မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အတူ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဘွဲ့ရသူများထဲမှ တန်းစဉ် အလိုက် ရမှတ်စုစုပေါင်း အများဆုံးရရှိကြသည့် မသဲစုငြိမ်း၊ မမေမီထွေး၊ မပြုံးမာလွင် တို့ကို ဆုချီးမြှင့်ပေးပါသည်။