Share This !
ယနေ့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၅ ရက် နေ့ နံနက်ပိုင်းတွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ငါးမွေးမြူရေးနှင့် ငါးရောဂါဗေဒဌာနမှဆရာဆရာမများ ကြီး မှူး၍ မွေးမြူရေးပညာသင်တန်း နောက်ဆုံးနှစ်ကျောင်းသားကျောာင်းသူများ၏ ငါးမွေးမြူရေးဆိုင်ရာ ဘာသာရပ် အထောက်အကူပြု နိုင်စေရန်အတွက် ရေဆင်း ငါးလုပ်ငန်းစခန်းသို့ သွားရောက်လေ့လာခဲ့ကြရာ နေပြည်တော်တိုင်းငါးလုပ်ငန်းဦးစီးဌာန၊ ညွန်ကြားရေးမှူးဒေါက်တာ ယဉ်ယဉ်မိုး၊ မွေးမြူရေးဌာန၊ညွှန်ကြားရေးမှူးဦးစောလားဖောဝါးတို့ မှ ငါးလုပ်ငန်းဦးစီးဌာန၏ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စခန်းတာဝန်ခံ နှင့် သက်ဆိုင်ရာ ဘာသာရပ် ဆရာဆရာမများက စာတွေလက်တွေ့ရှင်းလင်းပြသခဲ့ကြသည်။