မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်မွေးမြူရေးပညာအထူးပြု(BASc)သင်တန်း နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ အား ဂုဏ်ပြုနှုတ် ဆက်ပွဲအခမ်း အနား ကို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတု ခန်းမတွင် ယနေ့နံနက် ၉း၀၀ နာရီမှ စတင် ကျင်းပသည်။မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ပါမောက္ခဒေါက်တာမာမာဝင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား) ပါမောက္ခဒေါက်တာ ရဲထွဋ်အောင်တို့မှ ဂုဏ်ပြု နှုတ်ဆက်စကား များပြောကြားသည်။ထို့နောက်အစီအစဉ်အရတတိယနှစ်ကိုယ်စားကျောင်းသားတစ်ဦးမှနှုတ်ဆက်စကားပြောကြားကာ၊နောက်ဆုံးနှစ်ကျောင်းသားကျောင်း သူများကိုယ်စားကျောင်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများကိုနေ.လည်စာဖြင့်တည်ခင်းဧည်ခံကာဖျော်ဖြေရေးအစီစဉ်များဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။