မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ် BVSc နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ၏ ဘွဲ့ယူသုတေသနစာတမ်း ( Graduation Thesis )ဖတ်ပွဲအခမ်းအနားပထမနေ့ကို ယနေ့ ၁၆ – ၈ – ၂၀၁၈ ရက်နေ့နံနက် ၈း၃၀ နာရီတွင် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် စုဝေးခန်းမ (၁) တွင်ကျင်းပခဲ့သည်။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ မာမာ ၀င်းမှ အဖွင့် အမှာစကား ပြောကြားခဲ့သည်။ထို့နောက် ဒုတိယပါမောက္ခချုပ် (သင်ကြား) ပါမောက္ခ ဒေါက်တာ ရဲထွဋ်အောင်မှ မနက်ပိုင်းအစီစဉ် ၏ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီးကျောင်းသားကျောင်းသူ အဖွဲ့ (၅)ဖွဲ့ မှ ဘွဲ့ယူသုတေသနစာတမ်း (၅)စောင်ကို တင်သွင်းဖတ်ကြားခဲ့သည်။ နေ့လည်ပိုင်း အစီစဉ်တွင် ပါမောက္ခ ဒေါက်တာစောပိုပို မှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကျောင်းသားကျောင်းသူ အဖွဲ့ (၇)ဖွဲ့ မှ ဘွဲ့ယူသုတေသနစာတမ်း (၇)စောင်ကို တင်သွင်းဖတ်ကြားခဲသည်။အခမ်းအနားသို့တက်ရောက်လာကြသော ပါမောက၊္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ဌာနမှူးများ ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများကသုတေသနစာတမ်းများအပေါ် စိတ်အားထက်သန်စွာ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြသည်။