၂၀၁၇-၂၀၁၈ ပညာသင်နှစ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နောက်ဆုံးနှစ် တိရစ္ဆာန်ဆေးပညာဘွဲ့သင်တန်း( BVSc) ကျောင်းသားကျောင်းသူများအားဂုဏ်ပြုနှုတ်ဆက်ပွဲအခန်းအနားကိုယနေ့နံနက်၉း၀၀နာရီမှစတင်၍ကျင်းပရာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ပါမောက္ခဒေါက်တာမာမာဝင်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)ပါမောက္ခဒေါက်တာရဲထွဋ်အောင် တို့မှ ဂုဏ်ပြုနှုတ်ဆက်အမှာစကားများပြောကြားခဲ့ကြသည်။ ပဉ္စမနှစ်တိရစ္ဆာန်ဆေးပညာသင်တန်းမှကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးမှနှုတ်ဆက်စကားပြောကြားပြီး နာက်ဆုံးနှစ်သင်တန်းမှ ကျောင်းသားတစ်ဦးမှ ကျေးဇူး တင်စကားပြန် လည်ပြောကြားခဲ့သည်။ ထို့နောက် အခန်းအနားသို့ တက်ရောက်လာသူများအား ဂုဏ်ပြုနေ့ လည် စာဖြင့်တည်ခင်းဧည့်ခံကာ ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။