(၂၉)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အောင်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို (၂၇.၁.၂၀၁၉) ရက်၊ တနင်္ဂနွေနေ့ နံနက်တွင် ပြုလုပ်ကျင်းပခဲ့ပြီး ပင့်သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခြင်း၊ ကထိန်လျာသင်္ကန်း နှင့်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ် ခဲ့ကြပါသည်။ ထို့နောက် ရေစက်ချ တရားတော် နာယူပြီး ဧည့်ပရိတ်သတ်တို့အား ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။