မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၏ (၂၉) ကြိမ် မြောက် ၀ါ ဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို တက္ကသိုလ် ရွှေရတု ခန်းမ တွင်ပြု လုပ်ခဲ့သည်။ ဆရာတော်သံဃာတော်များ ဆွမ်း ခဲ ဖွယ် များ ဆက်ကပ် လှူဒါန်း ပြီး နံနက် ၆း၃၀ နာရီတွင် ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များ၊ ဆရာဆရာမများ၊ ၀န် ထမ်း များနှင့် ကျောင်းသားကျောင်းသူများ က နမောတသ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့ကာ အခန်း အနားကိုဖွင့် လှစ်ခဲ့သည်။ထို့နောက် သပြေတောင်တောရ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အလှူ ရှင်များမှ သံဃာတော်အရှင်သူမြတ်တို့ကို သင်္ကန်း ထီး ဖိနပ် နှင့် ၀တ္ထုငွေ များ ကပ်လှူ ပူဇော်ခဲ့ ကြသည်။ နံနက် ၈း၃၀ နာရီတွင် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ် ရွတ် ဆိုပူဇော် ကာ အခန်း အနားကို ရုပ်သိမ်း ခဲ့သည်။
ထို့နောက် တက္ကသိုလ်ဗုဒ္ဓဘာသာ အသင်းမှ တက်ရောက်လာသော ဧည်သည်တော်များနှင့် ကျောင်းသားကျောင်းသူများကိုမုန့် ဟင်းခါး ဖြင့် ဧည့်ခံ ကျွေးမွေးခဲ့သည်။