EVENT NEWS

သင်ကြားရေးဆေးရုံ

ဌာနမှူး၏ဉယျောဇဉ်စကား

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ သင်ကြားရေးတိရစ္ဆာန်ကုဆေးရုံကို ဖွဲ့စည်းပုံအရ ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများ အတွက် စာတွေ့နှင့် လက်တွေ့ဆေးကုသခြင်းများနှင့် လက်တွေ့ခွဲစိတ်ကုသခြင်းများကို ထိရောက်စွာ သင်ကြားလေ့ကျင့်ပေးသော နေရာဌာနဖြစ်ပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန် အားလုံး မိမိတို့ပညာကို ကောင်းစွာအသုံးချပြီး အမိတက္ကသိုလ်ဂုဏ်ကို ဆောင်နိုင်သော၊ မိမိတိုင်းပြည်အတွက် အားကိုးအားထားရသော စံပြပုဂ္ဂိုလ်များဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သင်ကြားရေးတိရစ္ဆာန်ကုဆေးရုံ

• စတင်ဖွင့်လှစ်သည့်ရက်- ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၅) ရက်၊ သောကြာနေ့။
• ဌာနမှူး- တွဲဖက်ပါမောက္ခဒေါက်တာမင်းဗိုလ်
• လုပ်ဆောင်ချက်-(၁) တိရစ္ဆာန်ဆေးပညာအထူးပြုဘွဲ့ကြိုကျောင်းသား/သူများကိုလက်တွေ့ အသုံးချဆေးပညာနှင့်လက်တွေ့ခွဲစိတ်ပညာရပ်များသင်ကြားပြသပေးခြင်း။
• ရည်ရွယ်ချက်-(၁) တိရစ္ဆာန်ဆေးပညာအထူးပြုပဉ္စမနှစ်ကျောင်းသား/သူများကို တိရစ္ဆာန်များအားကျန်းမာရေးစောင့်ရှာက်မှု၊ခွဲစိတ်ကုသမှုများကို လက်တွေ့ လုပ်ဆောင်နိုင်ရန်။
• ရည်ရွယ်ချက်-(၂) တိရစ္ဆာန်ဆေးပညာအထူးပြုနောက်ဆုံးနှစ်ကျောင်းသား/သူများကို ပညာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများလုပ်ဆောင်နိုင်ရန်။

ဖွဲ့စည်းပုံအင်အား

• တွဲဖက်ပါမောက္ခ/ဌာနမှူး- (၁) ဉီး
• ကထိက- (၂) ဉီး
• လက်ထောက်ကထိက- (၆) ဉီး
• သရုပ်ပြ- (၃) ဉီး
• အမှုထမ်း- (၇) ဉီး

လက်ရှိဝန်ထမ်းအင်အား

• တွဲဖက်ပါမောက္ခ/ဌာနမှူး- (၁) ဉီး
• သရုပ်ပြ- (၁) ဉီး
• အမှုထမ်း- (၁) ဉီး

Copy © 2015 All rights reserved. Powered By World Wide Myanmar