စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး တက်ရောက်ခွင့်ရရှိသူများ ပထမနှစ်သင်တန်း (ပထမနှစ်ဝက်)၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက်ရောက်ဆဲ ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများအားလုံးကို ၁၂-၅-၂၀၂၂ ရက် (ကြာသပတေးနေ့)မှစ၍ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများစာရင်းကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ website ဖြစ်သော www.uvsyezin.edu.mm တွင် ကြေညာထားမည်ဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် သင်တန်းရေးရာဌာန ဖုန်း – ၀၆၇-၃၄၁၆၆၅၉ ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။