မျိုးရိုးဗီဇနှင့်တိရစ္ဆာန်သားစပ်ပညာဌာန ဌာနမှူး၏ ဉယျောဇဉ်
မျိုးရိုးဗီဇနှင့်တိရစ္ဆာန်သားစပ်ပညာဌာနသည် တိရစ္ဆာန်မျိုး၊ မျိုးရိုးဗီဇနှင့် တိရစ္ဆာန်သားစပ်ပညာ၊ စာရင်းအင်းပညာ၊ လူထုပညာပေးရေးပညာ ၊တိရစ္ဆာန်ဆေးကု ဆိုင်ရာဉပဒေ၊နည်းဉပဒေ၊ဉပဒေပြုခြင်း နှင့်တိရစ္ဆာန်ဆေးကုဆိုင်ရာ ကျင့်ဝတ်များ စသည်တို့ကိုသင်ကြားပို့ချလျက်ရှိပါသည်။ တိရစ္ဆာန်သားစပ်ပညာသည် ကမ္ဘာ့ရာသီဉတု ပြောင်းလဲလာမှုကိုခံနိုင်ရေရှိသော တိရစ္ဆာန်မျိုးကောင်းများရရှိရန် အဓိက ကဏ္ဍတွင် ပါဝင်ပါသည်။ နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံရေး အတွက် ခေတ်မှီဖွံ့ဖြိုး တိုးတက်သော မွေးမြူရေး လုပ်ငန်းများ ထူထောင်ရာတွင် မျိုးရိုးဗီဇပညာရှင်များနှင့် မွေးမြူရေး ပညာရှင်များ များစွာလိုအပ်ပါသည်။ မွေးမြူရေးဖွံဖြိုး တိုးတက်ရန် တောင်သူဉီးကြီး မွေးမြူရေး လုပ်ငန်းရှင်များအတွက် မျိုးရိုးဗီနှင့် တိရစ္ဆာန်သားစပ်ပညာဆိုင်ရာ အသိပညာများ ဖြန့်ဝေ ပေးနိုင်မည့် မွေးမြူရေး ပညာရှင်များ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်လောင်းများကို လေ့ကျင့်သင်ကြားပေးလျှက်ရှိရာတွင် တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်နေသောဌာန ဖြစ်ပါတော့သည်။