မှတ်ချက်
- (၁) ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်သင်တန်းကို (၂၅-၁၁-၂၀၁၉) ရက်တွင် စတင်ဖွင့်လှစ်ပါမည်။
- (၂) သို့ဖြစ်ပါ၍ (၂၃-၁၁-၂၀၁၉)ရက်မှစတင်ပြီး (၆-၁၂-၂၀၁၉)ရက် နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာနတွင် ကျောင်းအပ်လက်ခံပါမည်။
- (၃) ကျောင်းလာရောက်အပ်နှံသည့်အခါတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်(မူရင်း)၊ တက္ကသိုလ်ဝင်အမှတ်စာရင်း (မူရင်း)၊ အကျင့်စာရိတ္တ ကောင်းမွန် ကြောင်း ရဲစခန်း၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူး/ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသား စိစစ်ရေးကတ်(မိတ္တူ)များကို ကျောင်းသားရေးရာဌာနသို့ ပေးရန် ကျန်ရှိနေသေးပါက အဆိုပါ ထောက်ခံစာများကို ပေးအပ်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို မိဘ/အုပ်ထိန်းသူများသိရှိစေရန်အတွက် မိဘ/ အုပ်ထိန်းသူနှင့်အတူ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ကျောင်းသားရေးရာဌာနတွင် သိရှိကြောင်း လက်မှတ်ရေးထိုးပြီးမှသာ ကျောင်းအပ်လက်ခံပါမည်။